18+ ဟာသ-ဖောက်ပြန်လွန်းတဲ့ မိန်းမ
မိန်းမက လင်ငယ်နဲ့ နောက်မီးလင်းနေတုန်း လင်ကြီးက တံခါးကို ဆောင့်ကန်ဝင်လာတော့ အိပ်ခန်းထဲမှာ လင်ငယ်နဲ့ ပက်ပင်းတိုးပါလေရော။ လင်ကြီးက သူ့မိန်းမကို
“နင်အပြင်ထွက်နေ သူနဲ့ငါနဲ့ ၂ ယောက်တည်းစာရင်းရှင်းမယ်”ဆိုပြီး အိပ်ထဲက သေနတ် ၂ လက်ကိုထုတ်ပြီး …
“ဒီသေနတ်တွေက ရုပ်ရှင်ထဲမှာသုံးတဲ့သေနတ်တွေ အသံသာမြည်ပြီး ကျည်ဆံမထွက်ဘူး။မင်းနဲ့ငါ တစ်ယောက်ကိုတစ်ယောက် ပစ်ပြီးသေချင်ယောင်ဆောင်မယ်။ မိန်းမက ဖက်ငို ခံရတဲ့သူက ဆက်ပေါင်းစေ၊ ကျေနပ်လား”ဆိုတော့ လင်ငယ်က “OK´´တဲ့။
ဒါနဲ့ ၂ ယောက်သား တိုင်မင်ခေါ်ပြီး“ဒိုင်း ဒိုင်း´´ဆို မရှေးမနောှင်းပစ်ပြီး သေချင်ယောင်ဆောင်လိုက်ကြတယ်။ သေနတ်သံတွေလည်းကြားရော မိန်းမက အိပ်ခန်းထဲပြေးဝင်လာတဲ့အခါ လင်ကြီးရော လင်ငယ်ပါ ပက်လက်ကလေးတွေလန်လို့ပေါ့။အဲဒါကိုလည်းတွေ့ရော မိန်းမက အခုလို အပေါ်ကိုမော့ကြည့်ရင်း အော်ပြောလိုက်ပါတယ်။
“ထပ်ခိုးပေါ်က တစ်ယောက် ဆင်းခဲ့တော့ ဒီမှာ ၂ ကောင်စလုံးသေပြီ”
ကြိုက်ရင် Like and Share
Credit :Thadinatin